မိုးကောင်း ဧပြီ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အရှေ့တောင်ရိုး ဝေဘာလတောင် ဘုရားငါးဆူ ကျောင်းတိုက်အတွင်း၌ တည်ထားအပ်သော ရတနရာဇာရွှေကျီးမြင်စေတီတော်အား ထီးတော်တင် လှူပူဇော်ပွဲကို ဧပြီ(၁)ရက် နံနက်( ၈) နာရီတွင်ကျင်းပခဲ့သည်။
သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကြောင်းအမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တအာရုံပြု၍ နှစ်ဖက်သော မိဘများကိုအမှူးထာလျက် မိုးကောင်းမြို့နယ် အထက်ရှမ်းစုကျေးရွာနေ ဘုရာဒါယိ ကာ ဦးမင်းလွင်နှင့် ဘုရာဒါယိကာမ ဒေါ်စိမ့်စိမ့် (ရတနာမင်းစက်သုံးဆီ၊ လယ်ထွန်စက်နှင့် လယ်ယာသုံးပစ္စည်းရောင်းဝယ်ရေး)မိသားစုတိုမှ လှူဒါန်းခြင်းဖြစ်သည်။
အခမ်းအနားကို တက်ရောက်လာသူ ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ဘုရား ကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုဝနဆောင် မဟာသဒ္ဒမဇောတိကဓဇနမ္မတီးမြို့၊ ဂုတာခေမာရာမ ကျောင်းတိုက်ဆရာတော်ထံ (၉)ပါးသီလခံယူဆောက်တည်ကြသည်။
ဆကိလက်၍ ဥပါသကာများက ပရိတ်ပန်း၊ သဲ၊ ရေ၊ ကြိုးများကို သံဃာတော်များထံဆက်ကပ်ပြီး အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ဆရာတော်ဘုရား ကြီးထံ ဆက်ကပ်သည်။
အလှူရှင်များက သံဃာတော်များအား လှူဖွယ်များဆက်ကပ်ပြီး ရေစက်သွန်းချလှူဒါန်းသည်။ ထို့နောက် ကြေစည်၊ မောင်း၊ သာသနာ့အလံကိုင်အစီအစဉ်ဖြင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို ပင့်ဆောင်ကာ စေတီေတာ်ကြီးအား လက်ယာရစ်သုံးကတ်လှည့်လည်ပူဇော်ကြပြီး စိန်ဖူးတော်၊ ထီးတော်တင်လှူပူဇော်ခဲ့ကြသည်။
သန်းလွင်ဦး(ပြန်/ဆက်)