တနိုင်းမြို့နယ် လူထုအခြေပြုဗဟ်ိုဌာန၌ စာအုပ်ပြပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တနိုင်း ဧပြီ ၂

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟ်ိုဌာန၌ စာအုပ်ပြပွဲနှင့်ပုံ​ပြင်ပြောပြိုင်ပွဲကို ယနေ့ ၁၁ နာရီတွင်ကျင်းပရာ စာအုပ်​ပြပွဲနှင့်ပုံ​ပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၂၀) ဦး ပျော်ရွင်တက်ကြွစွာပါဝင်ကြောင်း သိရသည်။

အဆိုပါ စာအုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စိတ်ဝင်စားသည့် သုတ/ရတ စာအုပ် များခင်းကျင်းပြသပြီး ပုံပြင်ပြောပြိုင်ပွဲတွင် ကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ကျောင်းသား/သူ (၁၀) ဦး ယှဥ်ပြိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)