ဟင်္သာတမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ဟင်္သာတ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာ အချိန်အခါတွင် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့ နံနက် ၇ နာရီက ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ ဟင်္သာတမြို့ ပခန်းရပ်ကွက် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ကျင်းပသည်။

ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ကမ်းနားကြီး သင်္ဘောဆိပ်ကမ်းတွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ ခစအ (ဟင်္သာတ)မှ ကြီးမှူးကျင်းပသော ဇိဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရွှေဝါငါးကြင်းအကောင်ရေ(၂ဝဝဝဝ)၊ ထိုင်းငါးခုံးမ အကောင်ရေ(၁ဝဝဝဝ)တို့အား ငါးမျိုးမပြုန်းတီးရေး ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ခရိုင်ဥက္ကဋ္ဌ ဦးလှိုင်ထွန်းဦးဆောင်၍ ဧရာဝတီ မြစ်အတွင်းသို့လွှတ်သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်သက်သက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)