ငွေဆောင် ဧပြီ ၁၉
မြန်မာနှစ်သစ်ကူးအခါသမယမှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ မြို့ဦးစေတီတော်မြတ်အား မြို့သူမြို့သားများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ကြစေရန်အတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ နှစ်ဆန်းနှစ်ရက်နေ့ ညနေပိုင်းက ရေသပ္ပါယ်ပူဇော်ခဲ့သည်။
မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုနှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေဆောင်မြို့မီးသတ်ဦးစီးဌာနနှင့် ဂေါပကအဖွဲ့များ ပူးပေါင်း၍ မြို့ဦးစေတီတော်မြတ် ကြီးအား မီးသတ်ယာဥ်ဖြင့် ရေသပ္ပါယ်ပူဇော်ခြင်း၊ ဘုရားရင်ပြင်တော်နှင့် အရန်စေတီငယ်များ၊ ဘုရားမီးပူဇော်ရာ နေရာများအား သန့်ရှင်းရေး လုပ်ဆောင်ခြင်းတို့ကို မြန်မာနှစ်ဆန်းနှစ်ရက်နေ့တွင် စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
ကျော်လင်းဦး (ပြန်/ဆက်)