ချောင်းသာမြို့၌ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် စတုဒီသာများကျွေးမွေးလှူဒါန်း

ချောင်းသာ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခန်းမ၌ အန္တရယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ချောင်းသာမြို့ မြို့ဦးစီးမှူးဦးဟန်ဖြိူးဇော် ပင့်ဆောင်မှူဖြင့် ဒေါနတောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များကြွရောက်ချီးမြှင့်ပြီး ဒေါနတောင်ကျောင်းတိုက်ဆရာတော်မှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဆရာတော်နှင့် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ခဲ့ပြီး ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်မိရပ်ဖများမှ ဝတ္ထူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ချောင်းသာမြို့မြို့ဦးစီးမှူး ဦးဟန်ဖြိူးဇော်နှင့် New Chaungtha Hotel မိသားစုတို့မှ စတုဒီသာ ကြာဇံကြော်များနှင့် အအေးဘူးများကို ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်)