ကျုံပျော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်

ကျုံပျော် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက  ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ကျုံပျော်မြို့နယ် အထောင်မြို့၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲလွင်ဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက  အထောင်မြို့ရှိ ရပ်ကွက်နေအိမ်များသို့ လိုက်လံကာ မီးအသုံးပြုမှုများ စစ်ဆေးပြီး၊ မီးဘေးကြိုတင်ကာကွယ်‌ရေးအချက်များ သိရှိရန်၊  မီးလောင်မှုမရှိစေရေး အထူးဂရုပြုရန်၊ လျှပ်စစ်မီးစနစ်တကျ အသုံးပြုရန်၊ မီးဘေးကာကွယ်ရေး ပစ္စည်းများဖြစ်သော မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ‌ဆောင်ရွက်ထားရန်တို့ကို  လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးအတွက်  ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် မီးသတ်တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့်လှည့်လည်၍ အပတ်စဉ် လှုံ့ဆော်ဆောင်ရွက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)