မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများပေးအပ်

ပုသိမ် ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်တွင် ယမန်နေ့ နေ့လည်ပိုင်း၌ မီးဘေးသင့်အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ပေးအပ်ခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်တွင် (၁၉.၄.၂၀၂၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ပျက်စီးသွား‌သောနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၄၀၀၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၄၀၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄၄၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုသုံးပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

ကျော်ဟိန်း(ပြန်/ဆက်)