ကျုံပျော်မြို့၌ “WE LOVE KYONPYAW" မြို့ဝင်ဆိုင်းဘုတ်သစ်ဖွင့်ပွဲ ပြုလုပ်

ကျုံပျော်  ဧပြီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ အင်းရဲလမ်းဆုံတွင် ဆောင်ရွက်ထားရှိသည့် "WE LOVE KYONPYAW" မြို့ဝင်ဆိုင်းဘုတ်သစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။

ဦးစွာ ဆိုင်းဘုတ်သစ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊  ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်‌မောင်နိုင်နှင့်  မြို့မိမြို့ဖ ဦးသိန်းမြင့်ဆောင်းတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး၊ ဧရာဝတီတိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး နှင့် ဧည်သည့်တော်များက "WE LOVE KYONPYAW" ဆိုင်းဘုတ်သစ်အား အမွှေးနံ့သာ ပက်ဖျန်းပေးခဲ့ကြသည်။ ယနေ့ဖွင့်လှစ်သည့်လှစ်သည့် “WE LOVE KYONPYAW” မြို့ဝင်ဆိုင်းဘုတ်သစ်မှာ (၄၇'×၂၅’)ရှိပြီး ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကျုံပျော်မြို့ မြို့မိမြို့ဖ ဦးသိန်းမြင့်ဆောင်း၏ စည်းရုံးမှုဖြင့် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေ ( ၉၅ )သိန်းဖြင့် (၁၆.၃.၂၀၂၆) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ (၁၈.၄.၂၀၂၆) ရက်နေ့တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)