ဒေးဒရဲ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ အခြေခံ (English Grammar) ရေးသားနည်းသင်တန်းအား ယမန်နေ့ညနေ (၃) နာရီကစတင်၍ ဖွင်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေးနှင့် အင်္ဂလိပ်စာအရေးအသားများ တိုးတက်လာစေရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မိုးကြည်က အခြေခံ English Grammer ရေးသားနည်းများကို ရှင်းလင်းသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံ English Grammarသင်တန်းကို (၂၀၂၆) ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များက အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
အေဇာလင်း