ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ဘိုကလေး ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် အသင်းဝင် ကြက်ခြေနီ လူငယ်မောင်မယ်များ စွမ်းရည်မြင့်မားစေရေးအတွက် ဧပြီ (၂၀)ရက်နေ့ကစတင်၍ အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ ဖွင့်လှစ် ပို့ချလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ ဘိုကလေးမြို့နယ် ကြက်ခြေနီစေတနာ့လုပ့်အားရှင် (၂၄)ဦး တက်ရောက်ပြီး သင်တန်းနည်းပြအဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တပ်စုမှူး ဒေါ်ဆုမွန်ရည်အောင်က နည်းပြအဖြစ် ကွန်ပျူတာ အခြေခံဘာသာရပ်များ၊ အခြေခံအင်္ဂလိပ်စကားပြောနည်းများအား အသေးစိတ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှ ဧပြီ (၂၀)ရက်နေ့မှ စတင်၍ ရက် (၄၀) ကြာ နေ့လယ်(၁၂)နာရီမှ ညနေ(၃)နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မိုးစက် (ဘိုကလေး)