အိမ်မဲ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင်ပါဝင်သော ကျေးရွာမြေများ မြေငှားဂရံပြုလုပ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က အိမ်မဲမြို့နယ် ကွင်းကလေးကျေးရွာအုပ်စု၊ ပရိုက်ကျေးရွာမှ ကျေးရွာမြေငှားဂရံပြုလုပ်မည့် ပြည်သူ (၃၄) ဦးနှင့်တွေ့ဆုံပြီး မြေငှားဂရံပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ မြေငှားဂရံပြုလုပ်ရမည့်လုပ်ငန်း အဆင့်ဆင့်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြေငှားဂရံပြုလုပ်မည့် အိမ်မြေနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)