ဒေးဒရဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဒေးဒရဲ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဒေးဒရဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ  ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက်ကွင်းဆင်း၍ အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့်‌ ကျောင်းသား‌၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးပြီး ဇီဝဆိုင်ရာအချက်အလက်‌ ကောက်ယူခြင်းလုပ်ငန်းများကို  လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ  ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝင်းစိန်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံ ကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ထို့နောက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အေဇာလင်း