လပွတ္တာမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

လပွတ္တာ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ရောင်းချပေးခြင်းကို လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး လမ်းညွှန်မှုဖြင့် လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ညှိနှိုင်းပေါင်းစပ်၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် (၁) ပြည်လျှင် (၂၀၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သားလျှင် (၄၀၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံးလျှင် (၅၀၀၀) ကျပ်နှုန်းတို့ဖြင့် ပင်စင်စားဝန်ထမ်း (၄၀၀) ဦး တို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းရွှေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိန်လင်း၊ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပင်စင်စားဝန်ထမ်းများအား ကိတ်မုန့်နှင့် ရေသန့်များ ကျွေးမွေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည်  လပွတ္တာမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် KG၊ G1၊ G2 ၊G3 ဆင့်ပွားသင်တန်းတက်ရောက်နေကြသော ဆရာ၊ ဆရာမများအား သွားရာက်အားပေးစကား ပြောကြားပြီး ချီးမြှင့်ငွေကျပ် ၆ သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)