ညောင်တုန်း ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အင်္ဂလိပ်စာ (4 Skills) အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ အင်္ဂလိပ်စာ (4 Skills) အခြေခံကိုသိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း အင်္ဂလိပ်စာအခြေခံကို ကြိုးစားသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ချယ်ရီနှင်းကသင်ကြားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား၍ သင်တန်းအား ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)