ကျောက်ဆည်မြို့နယ်၌ မင်းရဲ၊ သင်းတွဲ စိုက်ပျိုးရေမြောင်းများဖြင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင် နွေသီးနှံစုံ ၄၃၈၈ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်ကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ၂၂၀၂၅-၂၀၂၆ ခုနှစ် နွေရာသီ၌ မင်းရဲ၊ သင်းတွဲ စိုက်ပျိုးရေ မြောင်းများဖြင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင် နွေသီးနှံစုံ ၄၃၈၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။  

ထိုသို့စိုက်ပျိုးရာ၌  အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် မင်းရဲမြောင်းရေဖြင့် နွေနှမ်း ၆၆၉ ဧက၊ သင်းတွဲ မြောင်းရေဖြင့် နွေစပါး ၁၂၂ ဧက၊ နွေနှမ်း ၁၀၁၆ ဧက၊ မိုးကြိုပဲတီစိမ်း ၇၃ ဧက၊ ဟင်းသီး/ဟင်းရွက် ၁၀၆ ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် မင်းရဲမြောင်းရေဖြင့် နွေစပါး ၂၁ ဧက၊ နွေနှမ်း ၅၉ ဧက၊ သင်းတွဲမြောင်း ရေဖြင့် နွေစပါး ၆၂ ဧက၊ သင်းတွဲမြောင်းရေဖြင့် ၇၂ ဧက၊  ငှက္ကတောင်ကျေးရွာ အုပ်စုတွင် မင်းရဲမြောင်းရေဖြင့် နွေစပါး ၆ ဧက၊ နွေနှမ်း ၃၆ ဧက၊ မိုးကြိုပဲတီစိမ်း ၃ ဧက၊ သင်းတွဲ မြောင်းရေဖြင့် နွေစပါး ၇၆ ဧက၊ နွေနှမ်း ၇၈၂ ဧက၊ မိုးကြိုပဲတီစိမ်း ၃၁ ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင် သင်းတွဲမြောင်းရေဖြင့် ၄၁၇ ဧက၊ မိုးကြိုပဲတီစိမ်း ၈၃ ဧက၊ ဟင်းသီး/ဟင်းရွက် ၇၃ ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် သင်းတွဲမြောင်းရေဖြင့် နွေနှမ်း ၅၄၄ ဧက၊ မိုးကြိုပဲတီစိမ်း ၁၂၇ ဧက၊ ဟင်းသီး/ဟင်းရွက် ၁၀ ဧက စုစုပေါင်း ၄၃၈၈ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

နွေသီးနှံများအောင်မြင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများကို ရေမြောင်းများအလိုက် အလှည့်ကြစနစ်ဖြင့် လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)