မိတ္ထီလာ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်

မိတ္ထီလာ ဧပြီ ၂၄

မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး‌သူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် 191 Report application အား အသုံးပြုတတ်စေရန် ဖုန်းများတွင်ထည့်သွင်းပေးခြင်းတို့ကို ယနေ့ဧပြီလ၂၄ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး  ဦးနေမိုးအောင်နှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ