မိတ္ထီလာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဧပြီ ၂၄

မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အဆိုပါတာဝန်ပေးအပ်ပွဲကို ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ခရိုင်စီမံကိန်း ဦးစီမှူး ဦးညီညီလတ်က ဒေသန္တရစီမံကိန်းရည်းမှန်းချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံသို့  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်သည်။ ဆက်လက်၍ မိတ္ထီလာခရိုင်အတွင်း မဲဆန္ဒနယ်များမှတဆင့် အရွေးချယ်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရားများနှင့် မိတ်ဆက်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မိတ်ဆက်ကြသည်။ ထို့နောက် ခရိုင်အတွင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာခရိုင်အတွင်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ပူး‌ပေါင်းကူညီဆောင်ရွက်မှုများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ