အိမ်မဲမြို့ တကောကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

အိမ်မဲ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ ရိုးကြီးဝိသုဒ္ဓါရုံသာသနာ့ဗိမာန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အပူဒဏ်အန္တရာယ်အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က နွေရာသီတွင်ဖြစ်ပွားတတ်သောရောဂါအကြောင်းကိုလည်းကောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန်မသင့်သော အစားအစာများနှင့် online စျေးရောင်းချခြင်း အကြောင်းအရာများလည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျေးရွာမှပြည်သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက သုတ/ရသရရှိစေမည့် စာအုပ်စာစောင်များ လူကုန်ကူးအန္တရာယ်အသိပညာပေး နံရံကပ် စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်