ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကြံခင်း ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဧပြီ ၂၃ ရက်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့က ကြီးကြပ်မှုဖြင့် ဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ အဖွဲ့ဝင်များနှင့် စားအုန်းဆီလက်လီ/လက်ကား ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆီ ၁ ပိဿာ လျှင် ငွေကျပ် ၇၆၃၃ နှုန်းနှင့် ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၄ လုံးတို့အား ရောင်းချပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးလှခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော် ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းမော်တို့က ကြည့်ရှုအားပေးကြသည်။ ထိုသို့ ရောင်းချပေးရာတွင် ဆီပိဿာ ၁၁၀ နှင့်ကြက်ဥအလုံး ၅၀၀ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အငြိမ်းစား ဝန်ထမ်းများအဆင်ပြေစွာ ဝယ်ယူနိုင်စေရေးအတွက် ရောင်းချပေးကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြို့ပြပင်စင်စား(၆၇၆)ဦး၊ ကာကွယ်ရေးပင်စင်စား(၃၄၄)ဦး၊ နိုင်ငံရေးပင်စင်စား(၆၇)ဦး၊ ရဲပင်စင်စား(၉၇)ဦး၊ ဘဏ်(၁၀)ဦးရှိကြောင်းနှင့် ဧပြီလ (၂၁) ရက်နေ့မှ(၃၀)ရက်နေ့အထိ၊ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၁၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရ သည်။

ဖြိုးဝေလင်း(ပြန်/ဆက်)