အမရပူရ ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ ရွာဦးဓမ္မာရုံတွင် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နွေသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဓါတ်မြေသြဇာ စုပေါင်းရောင်းချပွဲ၊ တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ (သုံးအချိုးတစ်) ရောစပ်ကြဲပက်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမရပူရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးလှိုင်မှ ဓါတ်မြေသြဇာ ရောင်းချပေးရခြင်း ရွယ်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ဇင်သီယာဦးမှ နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်မည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသော တောင်သူများမှ လိုအပ်ချက်များအား တင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းပေးခဲ့ကြသည်။
ယနေ့ ဓာတ်မြေသြဇာ စုပေါင်းရောင်းချပွဲနှင့် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပတ်ပွဲကို အမရပူရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးလှိုင်နှင့် ဝန်ထမ်းများ၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ဦးစီူမှူး ဦးမျိုးဇော်ဝင်း၊ စက်မှုလယ်ယာဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ဖိတ်ကြားထားသော တောင်သူများ စုစုပေါင်း ၆၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ လက်တွေ့ရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း စိုက်ပျိရေးဦးစီးဌာနမှ သိရသည်။
စိုးသီဟ(အမရ)