ငပုတော ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ ဝါးကလောကျေးရွာ၊ အလက(ခွဲ)ကျောင်းတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးနေလင်းထွန်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် သစ်တောဝန်ထမ်း(၂)ဦး ဝါးကလောကျေးရွာသား (၂၂)ဦး ကျေးရွာသူ (၂၈)ဦး စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်အကြောင်း၊ လူသားများ အသက်ရှင်သန်ရပ်တည်မှုအတွက် သဘာဝပတ်ဝန်းကျင်၏ အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအကြောင်း၊ ထိန်းသိမ်းကာကွယ်ရန် အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အများပြည်သူတို့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောဦးစီးဌာန၏ လုပ်ဆောင်နေမှုများ၊ သစ်တောဥပဒေအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)