လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့်စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

လပွတ္တာ ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့် စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစံရင်မော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ(ခ)ဦးဝင်းဆွေနှင့် တာဝန်ရှိသူများက မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ မြတ်ဆရာပူဇော်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)