ဘိုကလေးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ

ဘိုကလေး ဧပြီ ၂၅

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာ ကွင်းအမှတ်(၇၀၉)၊ ဦးပိုင်အမှတ် (၁၀) တောင်သူဦးတင်စိုး၏ လယ်မြေ၌ ၂၀၂၆-၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်ညီညီထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဘိုကလေးမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးလှ‌ဌေးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော တောင်သူများသို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူဦးတင်စိုး၏ လယ်မြေ၌ ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းမျိုးစေ့ခြင်းပက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)