သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)မှ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ပေး

အိမ်မဲ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတွင် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ ပေါမောက္ခ ဒေါက်တာဦးသိန်းထွန်းဦးနှင့် ဆရာ/ဆရာမ (၄) ဦး၊ အလုပ်သင်ဆရာဝန် (၆) ဦး၊ စတုတ္ထနှစ်အောင်မြင်ပြီးသည့် ကျောင်သား (၃၀) ဦးတို့သည် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ပေး သည့်လုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့် အမှာစကားများကိုလည်းကောင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေထွန်းတို့က ကျေးဇူးတင်စကားများကို လည်းကောင်း အသီးသီးပြောကြားသည်။

ဆက်လက်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အဖွဲ့မှ  အသိပညာပေးဟောပြောခြင်း၊ သွားနှင့်ခံတွင်း အသိပညာ အမေးအဖြေများဆောက်ရွက်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ သွားဘက်ဆိုင်ဆေးကုသမှုများ ပြုလုပ်ခြင်းနှင့် ကျေးရွာအတွင်း ကွင်းဆင်းစစ်တမ်းများ ကောက်ယူခြင်းများအား ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

အခမ်းအနားသို့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ မိဘပြည်သူများ တတ်ရောက်ခဲ့ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အဖွဲ့မှ ရွာသစ်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းများ၊ သွားနှင့်ခံတွင်းဆိုင်ရာ စစ်တမ်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)