ကျောင်းကုန်း ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု အတွင်းရှိ နာကဆာချောင်းသည် အိမ်မဲချောင်း၏ ရေဝင်ရေထွက်ကို ရရှိခံစား၍ စိုက်ပျိုးရေအ တွက်အဓိကကျသော မြောင်းတစ်ခုဖြစ်သည်။
အဆိုပါ နာကဆာချောင်းအောက်ပိုင်း တူးဖော်ခြင်းလုပ်ငန်းသည် အလျှား(၁.၁၈)မိုင်၊ ခန့်မှန်းကုန်ကျငွေ (၃၅၁.၀၀)ကျပ်သန်း ဖြစ်ပြီး၊ ဧပြီလမှ စတင်ဆောင်ရွက်လျက်ရှိသည်။
နာကဆာချောင်းတူးဖော်ပြီးစီးပါက မိုးစပါးနှင့် ရေကျနောက်စိုက်စပါးများ ရေကြီးနစ်မြုပ် မှုလျော့ပါးသက်သာစေခြင်း၊ စပါးစိုက်ပျိုးချိန် ပိုမိုစောလျင်လာစေခြင်း၊ ရေလမ်းကြောင်းသွား လာမှုလွယ်ကူလျင်မြန်စေခြင်းနှင့် ဆောင်းသီးနှံ/နွေစပါးအောင်ရေပိုမိုသေချာစေခြင်းများ အကျိုးခံစားကြရမည်ဖြစ်ပြီး၊ လယ်မြေဧက(၄၅၀၀)ခန့်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)