ကျောင်းကုန်းမြို့မရဲစခန်း၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျောင်းကုန်း ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ဧပြီလ ၂၄ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းက မီးသတ်ဆေးဘူးအသုံးပြုပုံကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။ ဆက်လက်၍ မြို့မရဲစခန်း၌ လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ဖို့၊ မီးပလပ်ခုံ၌မီးသုံးစွဲသည့် မီးခေါင်းများ၊ မီးအားသွင်းကြိုးများ အလွန်အကျွံ တပ်ဆင်မထားဖို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသစ္စာထွန်းနှင့်အတူပူး‌ပေါင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးနှင့် မြို့မစခန်းမှူး ဒုရဲမှူး ဇော်ဝေလင်းတို့ကြီးကြပ်၍ အရာရှိ၊အရာခံ အကြပ်တပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မင်းမနိုင်ရဲကင်းစခန်းနှင့် ဒေါင့်ကြီးနယ်မြေရဲစခန်းတို့၌လည်း မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)