ဟိုင်းကြီးကျွန်း ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက်လုံခြုံရေးစစ်ဆေးခြင်းတို့ကို ဧပြီလ ၂၄ ရက်နေ့နံနက် (၀၉း၀၀) နာရီအချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများသည် ဟိုင်းကြီးကျွန်းမြို့ မြို့အဝင်တံတားထိပ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများသို့သွားရောက်ပြီး ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ရှိ/မရှိ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်း မလိုက်နာသူများအား သတိပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အတွင်း လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပွားစေရန်အတွက် ဆိုင်ကယ်များ၊ ကားများနှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ခရီးသွားများနှင့် ယာဥ်များအား သေချာစွာစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်