ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ မျိုးစေ့‌ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ကျောင်းကုန်း ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စု၊ တံခွန်တိုင်ကျေးရွာ၊ တောင်သူ ဦးမင်းကိုကို၊ ကွင်းအမှတ် ၃၇၉ ဦးပိုင်အမှတ် (၂၃/၂)၊ စိုက်ဧက (၂.၀၀) ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုဆိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေ စာရင်းဦးစီးမှူး ဦးစိုင်းရှိန်းလင်းထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)