လေးမျက်နှာမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လေးမျက်နှာ ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ဧပြီလ ၂၄ ရက်နေ့နံနက် (၉) နာရီအချိန်က အိုင်သပြုအုပ်စု၊ အိုင်သပြုကျေးရွာ ရှမ်းဘုရားဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလော်ရမ်း၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ အသက် (၁၀) နှစ်ပြည့်၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့်‌ ကျောင်းသား‌၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်‌ ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး‌ ဦးအောင်ဇင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလော်ရမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)