လပွတ္တာမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်များကွင်းဆင်းဆောင်ရွက်

လပွတ္တာ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique  ID နံပတ်ထုတ်ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လပွတ္တာမြို့အမှတ် (၆) ရပ်ကွက်၊ အောင်တော်မူဘုရား ဘုရားတန်‌ဆောင်းနှင့် အမှတ်(၈)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာခရိုင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပဝင်း၏လမ်းညွှန်မှု၊ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်လင်း၏ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက အသက် (၁၀) နှစ်ပြည့်ပြီးသူများ၊ (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)