လပွတ္တာမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအတွက် စက်သုံးဆီဖြန့်ဝေမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

လပွတ္တာ ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် ဆန်စက်လုပ်ငန်းရှင်များအတွက် စက်သုံးဆီဖြန့်ဝေမှုများအား တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင်လပွတ္တာမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးစံရင်မော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုနှင့်တာဝန်ရှိသူများက လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် ဆန်စက်များအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီခွဲတမ်းများ ဖြန့်ဝေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆီများမလိုလားအပ်သော အခြားနေရာများသို့ မှောင်ခိုမရောက်ရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)