လပွတ္တာ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်မည့် စီးပွားဖြစ် မွေးမြူရေးခြံစာရင်းများ ကောက်ယူခြင်း၊ အစာဆိုင်ဆေးဆိုင်စာရင်းများအားကောက်ယူ၍ ယာယီမှတ်ပုံတင်ခြင်း၊ မေထုံမဲ့သားစပ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများအား နမူနာပြပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်း ၆ ရပ်မှ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်မီးသတ်ဦးစီးဌာန နွားမွေးမြူရေးခြံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် မီးသတ်ဦးစီးဌာနရှိ နွားမွေးမြူရေးခြံတွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် ကျွဲနွားလည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ် ရောဂါနှင့် ကျွဲနွားဒေါင့်သန်းရောဂါများအား ကာကွယ်ဆေးထိုးနှံခြင်းကို လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)