မြန်အောင်မြို့နယ်၌ ပြည်သူ့အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မြန်အောင် ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ဧပြီ ၂၅ ရက်နေ့က ကျွဲတဲကုန်း‌ကျေးရွာ အုပ်စုနှင့် ကွင်းကြီးဒေါင့်‌ကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြေပြင်အရောက် ကွင်းဆင်း၍ အသက် (၁၀) နှစ်ပြည့်၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား အသစ်ပြုလုပ် လိုသည့်‌ ကျောင်းသား‌၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်‌ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး‌/ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌‌နေမင်းထွန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်