ဘိုကလေး ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ဧပြီ (၂၆) ရက်နေ့ ညနေပိုင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဈေးသူ/သားများအား မီးဘေးလုံခြုံရေး အသိပညာပေး လမ်းညွှန်မှုများ မှာကြားခဲ့ကြသည်။
မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် လျှပ်စစ်မီးသွယ်တန်းသုံးစွဲထားရှိမှု အခြေအနေများ၊ မီးငြှိမ်းသတ်ယာဉ်ထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်၊ မီးသတ်ဆေးဘူး အပါအဝင် မီးဘေးလုံခြုံရေး ပစ္စည်းကိရိယာများ ထားသိုသုံးစွဲမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးသူ/သားများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများမှာကြား အသိပညာပေးခဲ့ကြောင်း သိရသည်။
မိုးစက်