ဝါးခယ်မ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၂၇ ရက် နံနက် ၉ နာရီက လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းတို့က လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သွားမည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့သန့်ရှင်းသာယာလှပစေရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)