ဝါးခယ်မ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စျေးရပ်ကွက်၊ မြို့မစျေးတွင် ယမန်နေ့ နံနက် ၁၁ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က မြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့သည်။
သရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ မြို့နယ် ဆက်သွယ်ရေးတို့မှ တာဝန်ရှိသူများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြသည်။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်များ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေးရန်နှင့် ကြုံတွေ့ပါက မှန်ကန်သော နည်းလမ်းဖြင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)