ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

ပန်ဝါ   ဩဂုတ်  ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌  ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း ထောက်ပံ့ငွေရရှိမည့်အိမ်ထောင်စု စုစုပေါင်း (၁၂၉)စုရှိပြီး တစ်အိမ်ထောင်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၂,၅၈၀,၀၀ဝိ/-) ကျပ်အား ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာအရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။  

ရဲညွန့်(ပြန်/ဆက်)