မတူပီ သြဂုတ် ၅
ချင်းပြည်နယ် မတူပီမြို့၌ Mobile Tablet ကိုအသုံးပြု၍ ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိမ်းက အမှာစကား ပြောကြားရာတွင် Mobile Tablet အသုံးပြုနည်းကို စိတ်ဝင်တစား သင်ယူစေလိုကြောင်း ယခုလက်ရှိ သင်တန်းကာလ(၅)ရက်တာအတွင်း သင်ယူလေ့လာပြီးသော နည်းပညာများဖြင့် မိမိတို့တာဝန်ကျရာဒေသတွင် သုံးပတ်အတွင်း လက်တွေ့အသုံးပြုသွားရ မည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ကျန်းမာရေးကြီးကြပ်-၂ ဝန်ထမ်း(၄၂)ဦး တက်ရောက်ကြပြီး သင်တန်းပို့ချမည့် နည်းပြ ဆရာ/ဆရာမ(၉)ဦးတို့က သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ(၁၀)ရက်ကြာ မြင့်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)