ရွှေကူ မေ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ KTV (၂) ဆိုင်သို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က မေ ၄ ရက်နေ့နံနက် ၁၁ နာခွဲအချိန်တွင် စင်တင်တေးဂီတနှင့် KTV လုပ်ငန်းလိုင်စင်၊ လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးဝင်းစိုးစံ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးမြင့်ဇော် ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးခင်ဇော်ဝင်း၊ ပြည်တွင်အခွန်ဦးစီးဌာနမှူး ဦးဖြိုးဝေအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ဝင်နီမောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့သည် KTV ဆိုင်များ၏ လုံခြုံရေးနှင့်မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းလိုင်စင်များနှင့် ဆိုင်အတွင်းမူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)