မိုးကောင်း မေ ၇
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ပညာပေးရှင်းလင်းပွဲကို မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့တော်ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က အခွန်ဆိုင်ရာကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းသည်။
ထို့နောက် အခွန်ထမ်းပြည်သူများမှ သိရှိလိုသည့်မေးမြန်းခြင်းကို ကချင်ပြည်နယ် အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြည့်စွက်ဖြေကြား ရှင်းလင်းကြောင်း သိရသည်။
အခွန်ပညာပေးရှင်းလင်းပွဲသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်နိုင်၊ မိုးကောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အခွန်ကောက်ခံရရှိရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်သည်။
သန်းလွင်ဦး(ပြန်/ဆက်)