တနိုင်း မေ ၇
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုကို ယမန်နေ့နံနက်ပိုင်းက ကင်ဆားရာကောင်းရပ်ကွက်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့၊ ကင်ဆားရာကောင်းရပ်ကွက်တွင် မေလ ၆ ရက်နေ့ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မီမီကျော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကောင်ဆိုင်းလ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမြင့်ထွန်း၊ ဒုခရိုင်မှူးဦးဘောက်နော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးမြသောင်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်မြင့်တို့ ကွင်းဆင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု့ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်သူများအား တွေ့ဆုံ၍ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)