ငရုတ်ကောင်း မေလ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ဝိဇယဂမ္ဘီပညာရေး ဖောင်ဒေးရှင်း၏ လုပ်ငန်းညှိနှုင်းဆောင်ရွက်ခြင်းကို ယနေ့နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဝိဇယဂမ္ဘီပညာရေး ဖောင်ဒေးရှင်းသည် ငရူတ်ကောင်းမြို့အတွင်းရှိ ပညာရေးနှင့်ပတ်သတ်သော အကူအညီအထောက်အပံ့များဖြစ်သည့် အဝေးသင်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ မူလတန်းကျောင်းသား/ ကျောင်းသူများအား စာအူပ်စာစောင်များနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးနေကြောင်းနှင့် ဖောင်ဒေးရှင်းတွင် အသင်းဝင်(၁၅၀)ကျော်ရှိကြောင်း ဝိဇယဂမ္ဘီပညာရေးဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးခင်ကျော်ထံမှ သိရသည်။
ပြီးနောက်ဝိဇယဂမ္ဘီပညာရေး ဖောင်ဒေးရှင်း၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲအခမ်းအနားသို့ တက်ရောက်လာသော အသင်းဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား လေ့လာဖတ်ရှု့ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)