အောင်မြေသာစံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ

မန္တလေး မေ ၇

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းဝင်းနှင့ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများအား ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်‌ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်များဆောင်ရွက်ခြင်းကို မေ ၆ရက်က မြို့နယ်ရုံးတွင် ဆောင်ရွက်သည်။

ထိုသိုဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ တိုင်း‌ဒေသကြီးလွှတ်တော်ကိုစားလှယ် ဦးကျော်ဆန်း(ခ)ဦးညီညီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးမောင်မောင်အေး(ခရိုင်လဝကဦးစီးမှူး)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီး ဆောင်ရွက်ပေးကြကြောင်းသတင်းရရှိသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)