ရေဖြူ မေ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက အ-ထ-က၊ရေဖြူကျောင်းခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်မှ ညနေအထိ ရေဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
ရက်(၁၀၀)စီမံချက်သည် ပြည်သူများ၏ အခြေခံအခွင့်အရေးများရရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ ပြည်သူများ၏အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့်ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ်ဦးစီးအရာရှိ ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံချက်ဖြင့် ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများကို ကျောင်းသား/သူ(၉၂)ဦးကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)