နွားထိုးကြီးမြို့နယ်၌ စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

နွားထိုးကြီး     မေ ၇

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၆ ရက်  နံနက် ၁၀  နာရီတွင်ကျင်းပသည်။

ထို့နောက် စီမံကိန်းလုပ်ငန်းတာဝန်များကို မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ သစ်တောဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ မြို့နယ်မန်နေဂျာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အား သက်ဆိုင်ရာကဏ္ဍအလိုက် ရည်မှန်းချက်တာဝန်များပေးအပ်ခဲ့ကြောင်းသိရသည်။

တင့်လွင်ဦး