ညောင်ဦး မေ ၇
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားနီလမ်းဆုံအနီး ဆောက်လုပ်ထားသည့် ဘက်စုံသုံးခန်းမကြီး သန့်ရှင်းသာယာလှပစေရေး နှင့်အပြင်ဘက်ကားဝင်/ကားထွက်နေရာများ စိမ်းလန်းစိုပြည်လှပနေစေရေးအတွက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ မေ ၇ ရက်နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာ ဘက်စုံသုံးခန်းမကြီး သန့်ရှင်းသပ်ရပ်သာယာစေရေး၊ အပြင်ဘက်လျှောက်လမ်းတစ်လျှောက် သစ်ပင်ပန်းမံများ စိမ်းလန်းစိုပြည်နေစေရေး၊လျှပ်စစ် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ အန္တရာယ်ကင်းရှင်းမှုရှိစေရေး ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စည်ပင်သာယာပန်းခြံသို့ အပန်းဖြေနားနေသူများ စိတ်ချမ်းသာ မျက်စိပသာဒဖြစ်ပြီး စိတ်အေးချမ်းသာစွာနားနေနိုင်ရန် စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားရှိမှုနှင့် လမ်းလယ်ကျွန်းတွင် စိုက်ပျိုးထားသည့် မြက်အလှပင်၊ ပန်းအလှပင်များ စိမ်းလန်းနေစေရေးနှင့် ထန်းပင်များမှထန်းရွက်ခြောက်များ ရှင်းလင်းထားရှိမှုတို့အား ခရိုင်စီပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခက ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဒီပါလင်း