မိတ္ထီလာ မေ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အားအင်သစ် ယူရီယားဓာတ်မြေသြဇာစုပေါင်းဖြန့်ဖြူရောင်းချပေးခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပသည်။
ဓာတ်မြေသြဇာစုပေါင်းဖြန့်ဖြူးရောင်းချရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်တောင်သူများအား ယူရီယားဓါတ်မြေသြဇာကို ရောင်းချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြိုနယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးတောင်သူများအား အားအင်သစ်ဓါတ်မြေသြဇာအိတ်များကို ဖြန့်ဖြူးရောင်းချပေးသည်။
ထိုသို့ဖြန့်ဖြူးရောင်းပေးရာတွင် မြို့နယ်အတွင်းရှိ ထမုန်ကန်၊ ညောင်ကိုင်း၊ ခင်လူး၊ လျှော်ဖြူကန်၊ ကဖြူ၊ ညောင်ကန်၊ ကန်သာ၊ မြာ၊ မုန်တိုင်၊ သီးကုန်းကျေးရွာအုပ်စုနှင့် ဇောင်းချမ်းကုန်းကျေးရွာအုပ်စုများရှိ နွေစပါးစိုက်တောင်သူ ၁၆၁ ဦး ၏ စိုက်ဧက ၂၈၀ အတွက် အားအင်သစ် ယူရီယားဓာတ်မြေသြဇာအိတ် ၃၀၀ ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)