မြိတ် မေ ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ(၇)ရက် နံနက်(၉)နာရီခွဲက ကလွင်ကျေးရွာအုပ်စု၊ ချောင်းတခင်းကျေးရွာတွင် ကျင်းပသည်။
အသိပညာပေးဟောပြောရာ၌ မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မြင့်ထွန်း က “ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ”ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဟောပြောပွဲတက်ရောက်လာသူများအား သစ်တောဦးစီးဌာနဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးကြသည်။ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာဒေသခံများတက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )