တောင်သာမြို့၌ ငါသူဌေးဖြစ်မယ့်လူလားစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တောင်သာ မေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊   မန္တလေးတိုင်းဒေသကြီး၊    မြင်းခြံခရိုင် တောင်သာ မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မေ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင်()သန်းထက်စံ၏ ငါသူဌေး ဖြစ်မယ့်လူလား  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အား အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ  စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ မြင်းခြံ ကျော်အောင်()သန်းထက်စံ၏  ငါသူဌေးဖြစ်မယ့်လူလားစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ သူဌေးဖြစ်ရခြင်း၏ လျှို့ဝှက်ချက်၊ သူဌေးကြီးဘာတွေ တွေးပြီး ဘာတွေလုပ်ခဲ့သလဲ၊ နိုင်ငံခြားထွက်အလုပ်လုပ်တော့ ချမ်းသာရောလား၊ မျက်မှောက်ခေတ်စီးပွားပျက်ကြောင်းတရား()ပါး၊ အနောက်တိုင်းပညာရှင်များ၏ ပစ္စည်းဥစ္စာကြွယ်ဝရေး၊ ဆုတ်ယုတ်ကြောင်း()မျိုး၊ အစဉ်ပေါ်ပေါက်လျက်ရှိသော အခွင့်အလမ်းနှင့် အခွင့်အရေးများ၊ စားစရာနတ္ထိ နေစရာမရှိရာမှစသည်တို့ကို  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)