ထားဝယ် မေ ၇
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက်(၁၀၀)စီမံချက်ဖြင့်ထားဝယ်မြို့နယ်အတွင်းရပ်ကွက်များ နှင့် သွားလာရေးခက်ခဲသော မြေးခံဘော်ကျေးရွာအုပ်စု ရှိပြည်သူလူထုများအား ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများနှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
ဆက်လက်၍ ဝန်ထမ်းများက ၁၉၈၂ခုနစ်မြန်မာနိုင်ငံသားဥပဒေပါ သိသင့်သိထိုက်သော အချက်များ၊နိုင်ငံသား တစ်ဦး၏အခွင့်အရေး၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအကြောင်းပြောကြားပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများအား ပြည်သူများ လက်ဝယ် အရောက်ပေးအပ်သည်။
ငွေဇင်ယော်(ထားဝယ်)